
မင်းက မင့်အိမ်၊ လွန်သေးသိမ်ဟု
မငြိမ်မသက်၊ စိတ်စက် မကောင်း
စိတ်ထောင်း ကိုယ်ကြေ၊ တခွေခွေတည့်
နေထိကြွေမည့် ပန်းယဉ်အိ။
လှိုင်းအိအယောင်
ဆောင်ပြိုင် သာမော၊ သူ့အိမ်ချောသို့ . . .
စကြောသပ်ရပ်၊ စပယ်ထပ်နှင့်
ပန်းကပ် ပန်းကြွ၊ သူ့အိမ်လှသို့ . . .
ဝေးက မျှော်မှန်း၊ မင်းယော်ယမ်းသည်
ပန်းအိနေထိ ကြွေတော့မည်။
ဆောင်ပြိုင် သာမော၊ သူ့အိမ်ချောသို့ . . .
စကြောသပ်ရပ်၊ စပယ်ထပ်နှင့်
ပန်းကပ် ပန်းကြွ၊ သူ့အိမ်လှသို့ . . .
ဝေးက မျှော်မှန်း၊ မင်းယော်ယမ်းသည်
ပန်းအိနေထိ ကြွေတော့မည်။
မကောင်း မင့်အိမ်၊ ကောင်း မင့်အိမ်တည့်
မင့်အိမ် ရွှဲစို၊ အမိုးယိုသော်
မငြိုသင့်ပါ၊ မင်းတက်ဖာပေါ့
အကာ အခင်း၊ ပျက်ပြိုယွင်းသော်
မငြင်းစေချင်၊ မင်းဆက်ပြင်ပေါ့
အခွင် အနဲ့၊ အရွဲ့ အစောင်း
မကောင်း မပြေ၊ ဟောင်းထွေထွေကို
အခြေနှင့်မျှ၊ ဥာဏ်ဖြင့်ဆ၍
လုံ့လသက်သွင်း သစ်စေမင်း ။ ။
ဆရာဇော်ဂျီ
ကြိုက်တယ်.... ရှယ်လိုက်ပြီးနော်.... :)
ReplyDeleteတကယ့်တန်ဖိုးရှိတဲ့ ဆရာဇော်ဂျီရဲ့ကဗျာတင်ပေးတဲ့အတွက် ကျေးဇူးပါပဲ...
ReplyDeleteချမ်းမြေ့ပါစေ
ချယ်ရီမြေ