
အသက် ၅ နှစ်အရွယ်သာရှိသေးတဲ့ မက်ဆီလေးဟာ သူ့အဖေဂျော့ရှ် နည်းပြလုပ်နေတဲ့ ဂရမ်းဒိုလီ(Grandoli) အသင်းမှာ သူ့ရဲ့ပထမဆုံးဘောလုံးသမားအနေနဲ့
ကစားခဲ့ပါတယ်။ သူ ၈ နှစ်သားအရွယ်မှာတော့ သူတို့မြို့က နီးဝဲလ်အိုးဘွိုင်း(Newell's Old Boys) ဆိုတဲ့ ဘောလုံးအသင်းကို ပြောင်းရွှေ့ကစားနေပါပြီ။
![]() |
behind left |
ကလေးငယ်တစ်ယောက်အနေနဲ့ကို ပါရမီရှင်ခြေစွမ်းတွေပြနေတဲ့ မက်ဆီ့ကို ထင်မှတ်မထားတဲ့ ဘဝအချိုးအကွေ့တစ်ခု ဝင်ရောက်လာပါတယ်။
အဲဒါကတော့ ၁၁ နှစ်သားအရွယ် မက်ဆီလေးမှာ ဟော်မုန်းဖွင့်ဖြိုးမှုနှေးကွေးတဲ့ရောဂါ (growth hormone deficiency) ခံစားနေရကြောင်း တွေ့ရှိလိုက်တာပါ။
ဒီရောဂါရှင်တွေဟာအသက်အရွယ်အပိုင်းအခြားအလိုက်
ဝေဒနာအမျိုးမျိုးကို ပြောင်းလဲခံစားရတတ်ပါတယ်။ အထူးသဖြင့် မှတ်ဥာဏ်အမှတ်အသားနည်းခြင်း၊
စိတ်ကျရောဂါရရှိခြင်း၊ အားအင်ကုန်ခမ်းနေတတ်ခြင်း၊ အမောဖောက်ခြင်း၊ အရိုးမာကျောမှုပျော့ခြင်းတို့ကို
ခံစားရပါတယ်။ အံ့မခန်းဘောလုံးပါရမီတွေနဲ့မွေးဖွားလာတဲ့ ကလေးငယ်တစ်ယောက်ရဲ့အိမ်မက်တွေကို
ဒီရောဂါဆိုးကြီးက နှောင့်ယှက်ဖျက်ဆီးနေပါတယ်။

မက်ဆီရဲ့ထူးချွန်တဲ့ကစားဟန်တွေကို စောင့်ကြည့်နေတဲ့ မြို့ခံအသင်း
ရေးဗားပလိတ်အသင်း(River Plate) က
ခေါ်ယူချင်ပေမယ့် တစ်လကို ဒေါ်လာ၉၀၀လောက်သာ ကုန်ကျတဲ့ဆေးဖိုးကိုပေးချေနိုင်တဲ့ ငွေအင်အား
သူတို့အသင်းမှာမရှိလို့ မခေါ်ယူနိုင်ခဲ့ပါဘူး။ သားငယ်ရဲ့ပင်ကိုယ်အစွမ်းအစကို ယုံကြည်တဲ့ဂျော့်ရှ်ကတော့
စပိန်ကအမျိုးတယောက်အကူအညီနဲ့ ဘာစီလိုနာအသင်းကို ထပ်ဆင့်ဆက်သွယ်ခဲ့ပါတယ်။ အသင်းကလူငယ်လေးတွေနဲ့ရောနှောခြေစစ်ပြီးတဲ့အခါမှာတော့
ဘာစီလိုနာအားကစားဒါရိုက်တာ ချားလ်စ် ရပ်ဆတ်ခ်ျ Carles
Rexach က မက်ဆီကိုလက်ခံဖို့ သဘောတူလိုက်ပါတယ်။
စာချုပ် ချုပ်ဖို့စာရွက်အသင့်မရှိလေတော့ ထမင်းဝိုင်းက လက်ကိုင်ပဝါပေါ်မှာပဲ စာချုပ်ရေးပြီးလက်မှတ်ထိုးခဲ့ရပါတယ်။
အကြမ်းဖျင်းသဘောတူညီချက်ကတော့ မက်ဆီကို ဘာစီလိုနာ လူငယ်ဘောလုံးအကယ်ဒမီကျောင်းမှာတက်ရောက်ခွင့်ပြုလိုက်ပြီး
မက်ဆီရဲ့ဆေးဖိုးစားရိတ်ကိုလည်း အသင်းကကျခံပေးမှာပါ။ ယောင်လည်လည်အာဂျင်တီးနားသားလေးကတော့
ဘောလုံးလောကရဲ့သမိုင်းသစ်တွေဖွင့်လှစ်ဖို့အတွက် ကြီးကျယ်ခမ်းနားတဲ့ဘာစီလိုနာမြို့က
ဘောလုံးသင်တန်းကျောင်းကြီးကို တက်ရောက်ဖို့အတွက် စပိန်ကိုပြောင်းရွှေ့ခဲ့ရပါတယ်။
![]() | ||||
behind left (Pique), behind right (Cesc Fabregas) |
အသက် ၁၃ နှစ်အရွယ် ခပ်ညှပ်ညှပ်ကောင်လေးရဲ့ ပထမဆုံးကွင်းထဲဝင်တဲ့ခြေလှမ်းတွေမှာ
ရှက်ရွံ့မှုတွေနဲ့ပြည့်နေခဲ့တယ်လို့ မက်ဆီရဲ့ရွယ်တူအသင်းဖေါ် ဘာစီလိုနာနောက်ခံလူ ဂျရတ်ပီကေးက
(Gerard Pique) ပြန်ပြောပြပါတယ်။ မက်ဆီဟာ အလွန်သေးငယ်တဲ့အတွက် သူ့ကိုနာကျင်သွားမှာစိုးလို့
လျှော့ပေါ့ကစားဖို့တောင် တချို့နည်းပြတွေက သူတို့ကိုမှာထားပါတယ်တဲ့။ ဒါပေမယ့် မက်ဆီခြေထောက်ထဲဘောလုံးရောက်သွားချိန်မှာတော့
သူတို့ထင်ထားတာတွေလွဲချော်နေကြောင်း အံ့အားသင့်ဖွယ်တွေ့ခဲ့ကြရတယ်။ “တကယ်လို့ကျွန်တော်တို့သူအနားကပ်ချင်ရင်တောင်
သူဟာသိပ်မြန်တဲ့အတွက် မရောက်နိုင်ခဲ့ဘူး။ သူ့ကိုလဲကျသွားအောင်လုပ်ဖို့ကတော့ မဖြစ်နိုင်သလောက်ပဲ”
လို့တောင် ပီကေးကပြောသွားပါသေးတယ်။ ဒါပေမယ့် တကယ်တန်း ပွဲထွက်တဲ့အခါမှာတော့ မက်ဆီဟာ
ဒဏ်ရာရပြီးလူနာတင်ယဉ်နဲ့တောင် သယ်ထုတ်ခဲ့ရပါတယ်။ သူ့ရဲ့ဒုတိယမြောက်ကစားရတဲ့ပွဲမှာ ညာဖက်ခြေထောက်ဒဏ်ရာရသွားတာပါ။
ဘယ်ခြေပိုအားသန်တဲ့မက်ဆီဟာ ဒဏ်ရာကပြန်ထလာတဲ့အခါမှာတော့ သူ့ညာဖက်ကအရင်ကထက် ပိုကောင်းလာပြီး
ဘယ်၊ညာကစားနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။

ယူရိုအဖွဲ့အစည်းရဲ့စည်းမျဉ်းတွေကြောင့် စပိန်နိုင်ငံသားအဖြစ်လည်းခံယူခဲ့တဲ့
မက်ဆီကို စပိန်နိုင်ငံ့လက်ရွေးစင်အသင်းမှာဝင်ရောက်ကစားဖို့ ကမ်းလှမ်းခဲ့ပေမယ့်
ဇာတိနိုင်ငံအသင်းမှာပဲ ပြန်ကစားမယ်ဆိုပြီး ငြင်းခဲ့ပါတယ်။ သူရဲ့မျှော်လင့်ချက်တွေဟာ
၂၀၀၄ မှာ အကောင်အထည်ပေါ်လာပြီး အာဂျင်တီးနား ယူ-၂၀အသင်းအတွက် လက်ရွေးစင်အဖြစ် အရွေးချယ်ခံခဲ့ရပါတယ်။
အဲဒီ့နှစ်မှာပဲ လူငယ်ကမ္ဘာ့ဖလားမှာပဲ ရွှေဖိနပ်ဆု၊ ရွှေဘောလုံးဆုအပြင် မာရာဒိုနာ (Maradona) လက်သစ်ဆိုတဲ့ဘွဲ့ကိုပါ ရရှိခဲ့ပါတယ်။ ဒီဘွဲ့ဟာ
သူနဲ့ထိုက်တန်ကြောင်းကိုလည်း မာရာဒိုနာသွင်းယူခဲ့တဲ့ လျှမ်းလျှမ်းတောက်ဂိုးတွေနဲ့
တပုံစံတည်းဖြစ်အောင်ပုံတူပွား သွင်းယူပြခဲ့ပါသေးတယ်။ မာရာဒိုနာရဲ့ ဘုရားပေးသောလက်လို့နာမည်ကြီးတဲ့
၁၉၈၆ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းကို လက်နဲ့သွင်းယူခဲ့တဲ့ဂိုးအတိုင်း ၂၀၀၇ ဧပြီမှာ Espanyol အသင်းဘက်ကို လက်နဲ့ပုတ်ပြီးဂိုးသွင်းခဲ့ပါတယ်။ သေသပ်လှပတဲ့ ကိုယ်ဟန်အနေအထားတွေကြောင့်
ဒိုင်တွေခင်မျာမမြင်လိုက်ရပဲ ဂိုးအဖြစ်သတ်မှတ်ပေးလိုက်ရတယ်။ တနှစ်ထဲမှာပဲ
မာရာဒိုနာရဲ့နာမည်ကျော်ဂိုးဖြစ်တဲ့ ကွင်းလယ်စည်းအကျော်က တကိုယ်တော်ဆွဲပြေးပြီး ဂိုးသမားအပါအဝင်လူခြောက်ယောက်ကို
ကျော်ဖြတ်သွင်းယူခဲ့တဲ့ဂိုးကိုလည်း မက်ဆီက Getafe
CF အသင်းနဲ့ကစားတဲ့ပွဲမှာထပ်တူကစားပြခဲ့သေးပါတယ်။
ဒီလိုအံ့မခန်းခြေစွမ်းပြနိုင်တဲ့မက်ဆီဟာ FIFAကချီးမြှင့်တဲ့ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကိုလည်း
2010, 2011, 2012 သုံးနှစ်ဆက်တိုက်ရရှိတဲ့ ပထမဆုံးဘောလုံးသမားဖြစ်လာပါတယ်။
ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဘောလုံးလောကထဲမှာကျင်လည်နေပေမယ့်သူ့ရဲ့ကိုယ်ပိုင်ဘဝလေးကတော့
အေးချမ်းပါတယ်။ ပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုကိုပိုင်ဆိုင်တဲ့အပြင် Macarena
Lemos လို့ခေါ်တဲ့ တမြို့တည်းက အာဂျင်တိုင်းသူချောချောလေးကိုလည်း
ချစ်သူအဖြစ်ပိုင်ဆိုင်ထားပါတယ်။ အောင်မြင်မှုတွေနဲ့အတူ တစ်နှစ်ဝင်ငွေပေါင်သန်း ၃၀
လောက်ချမ်းသာလာတဲ့ မီလျံနာလေးဟာ ၂၀၀၇ မှာ Leo Messi Foundation ဆိုတဲ့ လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုကိုလည်း
တည်ထောင်ခဲ့ပါတယ်။ ဒီဂရုဏာဖောင်ဒေးရှင်းက ဆင်းရဲနွမ်းပါးတဲ့ကလေး၊
ပညာသင်ကြားဖို့အခက်အခဲရှိတဲ့ကလေးတွေကို ကူညီပေးယုံသာမက၊ ကျန်းမာရေးချို့တဲ့နေတဲ့
ကလေးငယ်တွေကိုလည်း စပိန်ကိုခေါ်ယူပြီး ဆေးကုသပေးနေပါတယ်။ မက်ဆီ့ကို ၂၀၁၀မှာ
ကမ္ဘာ့ကလေးများစောင့်ရှောက်ရေးရန်ပုံငွေအဖွဲ့ UNICEF က သံတမန်အဖြစ်ခန့်အပ်လိုက်ပြီး
ကလေးငယ်တို့ရဲ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုလုပ်ငန်းတွေကို လုပ်ကိုင်စေဖို့ပါ။

တည်ငြိမ်အေးချမ်းပြီး အမြဲလိုလိုပြုံးစစနေတတ်တဲ့ အာဂျင်တိုင်းသားလေးဟာ
ဘာလုံးကွင်းထဲမှာတော့ ပြိုင်ဖက်အသင်းသားတွေအတွက် င်္ခြသေ့တကောင်လိုမြန်ဆန်ပြီး ကြောက်စရာကောင်းလှပါတယ်။ လာမဲ့ဇွန်လ ၂၄ရက်နေ့မှာမှ ၂၅နှစ်ပြည့်မယ့် ကမ္ဘာကျော်ဒီချာတိတ်လေးကို ဒီထက်ပိုကောင်းပြီးမှော်ဝင်တဲ့ ဘောလုံးကစားကွက်တွေနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်မှာကြာကြာဆက်လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းရင်း ……
ဘာလုံးကွင်းထဲမှာတော့ ပြိုင်ဖက်အသင်းသားတွေအတွက် င်္ခြသေ့တကောင်လိုမြန်ဆန်ပြီး ကြောက်စရာကောင်းလှပါတယ်။ လာမဲ့ဇွန်လ ၂၄ရက်နေ့မှာမှ ၂၅နှစ်ပြည့်မယ့် ကမ္ဘာကျော်ဒီချာတိတ်လေးကို ဒီထက်ပိုကောင်းပြီးမှော်ဝင်တဲ့ ဘောလုံးကစားကွက်တွေနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်မှာကြာကြာဆက်လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းရင်း ……
(၃၀.ဧပြီ.၂၀၁၂)
No comments:
Post a Comment