10/11/11

အခန်း (၁) History of Welding


Technology ကို လေ့လာမဲ့၊ လေ့လာနေဆဲ ညီငယ်၊ ညီမငယ်များအတွက် တထောင့်တနေရာက အကျိုးပြုစေဖို့ ရည်ရွယ်ရေးသားလိုက်ပါတယ်။ လက်တွေ့လုပ်ငန်းခွင်ဝင်မယ့်သူဟာ welding နဲ့ပတ်သတ်တဲ့ဗဟုသုတတွေကို အကြမ်းဖျင်းသိထားဖို့လိုပါတယ်။ ကျွန်တော်ကိုယ်တိုင်က လေ့လာနေဆဲဖြစ်တဲ့အတွက် အမှားများပါခဲ့ရင် စေတနာအမှားသာဖြစ်ပါကြောင်းနဲ့ ပွင့်လင်းစွာဝေဖန်အကြံပေးကြပါလို့ ဖိတ်ခေါ်ပါတယ်။


CHAPTER 1
1.1 ABOUT  WELDING
Welding ဆိုတာဟာ သတ္တုတွေကိုဖြတ်(သို့)ဆက်စပ်တဲ့ နည်းပညာတစ်ရပ်ပါ။ Welding နည်းပညာအပြင် တခြားသော သတ္တုများကို ဆက်စပ်တဲ့နည်းပညာတွေကို ကျွန်တော်သိသလောက် ဖေါ်ပြလိုက်ပါတယ်။
Rivet                  (ရပ်ဘစ် ရိုက်ခြင်း/သံမှိုဆွဲခြင်း)
Screwing            (ဝက်အူရစ်ခြင်း)
Bolts and Nuts    (ဘို့ နဲ့ နပ် စုပ်ခြင်း)
Casting              (ကြိုတင်ပုံစံသွင်းထားခြင်း/mold လောင်းထားခြင်း)
ဟုတ်ပြီ။ ဒါဆိုရင်တခြားနည်းတွေထက် ဘာလို့ welding နည်းပညာကို တွင်တွင်ကျယ်ကျယ်သုံးနေတာလဲဆိုတာကို လေ့လာကြည့်ရအောင်။ welding နည်းပညာရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို ကြည့်ကြတာပေါ့။


1.1.1 အားသာချက်များ (Advantages)
၁) ကောင်းမွန်သော welding joint တစ်ခုသည် အနည်းဆုံး မူရင်းသတ္တုထက် မာကျောခြင်း
၂) ပုံမှန်အားဖြင့် welding နည်းပညာသည် အခြားနည်းပညာများထက် ကုန်ကျစားရိတ် သက်သာခြင်း
၃) အများအားဖြင့် ရွေ့ပြောင်းရလွယ်ကူသော စက်ကိရိယာများကို အသုံးပြုရခြင်း
၎) အမျိုးအစားမတူသော သတ္တုတော်တော်များများကို welding နည်းဖြင့် ဆက်နိုင်ခြင်း
၅) ဖိအားဒဏ်ခံနိုင်သော (pressure tight) welding joint ဖြစ်စေနိုင်ခြင်း

1.1.2 အားနည်းချက်များ (Disadvantages)
၁) အန္တရယ်များသော လှိုင်း၊ မီးတောက်တို့ ထုတ်လွှတ်ခြင်း
၂) မူရင်းသတ္တုပြား၏ ပုံသဏ္ဍန်ပျက်ရွင်းသွားခြင်း
၃) ဆက်မည့်သတ္တုပြားများ၏ အထူ(နှုတ်ခမ်းသားများ)အား ကြိုတင်ပြုပြင်ထားရခြင်း
၎) အရည်သွေးမြင့် လုပ်သားများ လိုအပ်ခြင်း
၅) welding joint များသည် မူရင်းသတ္တုများနှင့် ဖွဲ့စည်းပုံ မတူညီတော့ခြင်း
၆) welding ဆက်ခြင်းကြောင့် မူရင်းသတ္တုပြား နှင့် welding joint ပေါ်တွင် stress များပေါ်လာခြင်းနှင့်, ယင်းအားပြေပျောက်စေရန် heat treatment များလိုအပ်ခြင်း၊

ဒါဆိုရင် welding နည်းပညာက ဘယ်ကစပြီးပေါ်လာတာလဲ။


1.2 HISTORY
- Welding အတတ်ပညာကို ကြေးခေတ်ကတည်းက အီဂျစ်ပြည်မှာစတင်အသုံးပြုနေပြီလို့သိရပါတယ်။ အီဂျစ်တွေရဲ့ အသုံးအဆောင်ပစ္စည်းတွေမှာ weldingကိုအသုံးပြုခဲ့ကြောင်းအထောက်အထားတွေ တွေ့ရတယ်လို့ မှတ်သားကြဖူးပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ် welding နည်းပညာတွေလိုတော့ အဆင့်မမြင့်သေးသလို အသုံးလဲမတွင်ကျယ်ခဲ့ပါဘူး။

- ၁၈၀၀ ပြည့်နှစ်မှာ အင်္ဂလိပ်လူမျိုးစာပေ သိပ္ပံ  ပညာရှင် Sir Humphrey Davy (ရူပဗေဒ သိပ္ပံ ပညာရှင် Michael Farady ၏ဆရာ) က Carbon Electrodes Arc ကို ဘက်ထရီနဲ့လည်ပတ်နိုင်တဲ့ကိရိယာလေးက ထုတ်နိုင်အောင်တည်ထွင်နိုင်ခဲ့တယ်။ Arc welding (လျှပ်စစ်ဓါတ်ခုန်ကူးခြင်းဖြင့် welding ဆော်ခြင်း) တွေရဲ့ကနဦးအစဖြစ်ပေမယ့် ထိထိရောက်ရောက်အသုံးမပြုနိုင်သေးပါဘူး။

- ၁၈၃၆ မှာတော့ သူ့ရဲ့ညီဝမ်းကွဲ Edmund Davy က Acetylene (အောက်ဆီဂျင်နှင့်ဓါတ်ပြုပြီး အပူချိန် ၃၅၀၀°C ပြင်းအားရှိသော မီးတောက်ကိုထုတ်လွှတ်ပေးနိုင်သည်) ကိုတွေ့ရှိခဲ့တယ်။ Acetylene gas (ethyne)နဲ့ welding ဆော်တဲ့နည်းကို Oxy-fuel welding လို့ခေါ်ပြီး လက်တွေ့မှာအသုံးပြုလို့အဆင်မပြေပဲ ၁၉၀၀ ပြည့်နှစ်လောက်မှသာ ဒီနည်းပညာဟာ လက်တွေ့အသုံးချနိုင်တဲ့အဆင့်ကိုရောက်လို့လာပါတယ်။ အစပိုင်းမှာတော့ Oxy-fuel welding ဟာ ရွှေ့ပြောင်းရလွယ်ကူခြင်း (portability)၊ ကုန်ကျစရိတ်သက်သာခြင်း (low cost) တို့ကြောင့်အသုံးများခဲ့ပေမယ့် နောက်ပိုင်းမှာ Arc welding တွေက အစားထိုးဝင်ရောက်လာပါတယ်။

- ၁၈၈၂ နှစ်မှာ ရုရှားပညာရှင် Nikolai Benardos က လျှပ်စစ်ဓါတ်ခုန်ကူးခြင်း(Electric Arc)ဖြင့် welding ဆော်ခြင်း၊ Carbon Arc Welding ကိုဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ တဖြည်းဖြည်းလူအသုံးများလာပြီး တည်ဆောက်ရေးလုပ်ငန်းကြီးတွေအထိပါ အသုံးပြုလာကြပါတယ်။ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းတွေမှာပါ တွင်ကျယ်လာပြီး ပထမဆုံး Arc Weldingကို တစ်စီးလုံးအတိုင်းအတာအထိ အသုံးပြုနိုင်ခဲ့တဲ့သင်္ဘောကတော့ ဗြိတိန်သင်္ဘော Fulagar ဖြစ်ပြီး ပထမကမ္ဘာစစ်အတွင်း(၁၉၂၀)ကတည်ဆောက်ခဲ့တာပါ။

- ၁၉၁၉ မှာတော့ welding သမိုင်းမှာယခုတိုင် အရေးပါအရာရောက်တဲ့ American Welding Society (AWS) ကိုထူထောင်ခဲ့ပါတယ်။ Alternative Current (AC) သုံး Arc welding process ကိုလည်း ဒီနှစ်မှာပဲစတင်နိုင်ခဲ့ပါတယ်။

- ၁၉၂၀ မှာ Automatic Welding ကိုစတင်အသုံးပြုနိုင်ခဲ့ပါတယ်။ Weldingဆော်ရာမှာ အသုံးပြုမဲ့ electrode ချောင်းကို ခဏ ခဏ အသစ်လဲတပ်စရာမလိုအောင် electrode stick နေရာမှာ consumable electrode wire ကို ရစ်ဘီးနဲ့ခွေထားပြီး wire ကုန်သွားသလောက်ကို အနောက်က ရစ်ဘီးကအလိုက်သင့်ဆန့်ထုတ်ပေးတဲ့နည်းပါ။ Welder လိုအပ်ပါတယ်။ သူ့ရဲ့အားနည်းချက်ကတော့ welding အရည်အသွေးဟာ welder ပေါ်မှာလုံးဝ မူတည်နေပြီးတော့ welding seam ထဲမှာ လေပေါက်တွေ (porosity) နဲ့ ကြွတ်ဆတ်ခြင်း (Brittleness) ဖြစ်နိုင်ခြင်းတို့ပါပဲ။

- ၁၉၃၀မှာ Submerged Arc Welding (SAW)ကို စတင်သုံးစွဲနိုင်ခဲ့ပါတယ်။ ဒီနည်းကတော့ ဘီးတတ်ထားတဲ့စက်(welding machine)က လူသတ်မှတ်ပေးလိုက်တဲ့ setting အတိုင်း သံလမ်းတလျှောက် weldingဆော်သွားပြီး၊ လောလောလတ်လတ်ဆော်ထားတဲ့ welding seamကို ပြင်ပလေနဲ့မထိအောင် သဲ(သို့)ချော်တို့နဲ့ အလိုအလျှောက် လိုက်အုပ်ပေးသွားတဲ့နည်းပါ။ ကလေးတွေဆော့တဲ့ သံပတ်ရထားလေး ပြေးလမ်းပေါ်သွားသလိုမျိုးပါပဲ။ Welder မလိုပါဘူး။ ပုံမှန်အားဖြင့် weldingသား အရမ်းကောင်းပေမယ့် ကုန်ကျစရိတ်မြင့်မားတာရယ်၊ နေရာတိုင်းအသုံးပြုလို့မရတာရယ်ကြောင့် ကျယ်ကျယ်ပြန့်ပြန့်သုံးလို့မရပြန်ပါဘူး။ တနှစ်ထဲမှာပဲ New York Navy Yard က Stud welding ကိုစတင်သုံးစွဲခဲ့ပြီး သင်္ဘောတည်ဆောက်ရေးလုပ်ငန်းတွေမှာ တွင်တွင်ကျယ်ကျယ်သုံးလာကြပါတယ်။

- ၁၉၃၂ခုနှစ်မှာ Underwater Weldingကို ရုရှားပညာရှင် KONSTANTIN  KHRENOV က ဖေါ်ထုတ်ခဲ့ပါတယ်။

- ၁၉၄၈မှာ Battelle Memorial Institute က Gas Metal Arc Welding (GMAW) နည်းပညာကို တင်ပြခဲ့ပါတယ်။ သူ့ရဲ့အားသာချက်က welding ဆော်နေစဉ်မှာ weldingသားကို ပြင်ပလေနဲ့ ဓါတ်မပြုနိုင်အောင် gas တစ်ခုနဲ့ ကာထားတာပါပဲ။ အဲဒီ့Gasကို Shield Gas လို့ခေါ်ပါတယ်။ သူ့ရဲ့အားနည်းချက်ကတော့ Shield Gas တွေရဲ့ ဈေးနှုန်းမြင့်မားတာပါ။

- ၁၉၅၀မှာတော့  Lyubavskii နဲ့ Novoshilov ဆိုသူတွေက CO2 (carbon dioxide gas)ကို shield gas အဖြစ် စတင်အသုံးပြုခဲ့ရာကစပြီး CO2 welding ဆိုပြီးလူသိများပါတယ်။ ဒီနှစ်ထဲမှာပဲ  ချော်ကို electrode အပေါ်မှာ Flux-coated electrode သုံး Shield Metal Arc Welding (SMAW)ကို အဆင့်မြင့်အောင်တီထွင်နိုင်ခဲ့ပါတယ်။ လက်ရှိလူသုံးအများဆုံးနည်းပါ။

- ၁၉၅၇မှာ Plasma Weldingကို တွေ့ရှိခဲ့ကြပါတယ်။

- ၁၉၅၈မှာ Electrode Beam Weldingကို စတင်ခဲ့ပါတယ်။

- ၁၉၆၀မှာတော့ Laser Weldingအထိ တက်လှမ်းနိုင်ခဲ့ကြပါတယ်။

- ၁၉၉၁မှာ Friction Stiir Weldingကို စတင်တွေ့ရှိခဲ့ပါတယ်။

အပေါ်မှာရေးခဲ့တာတွေကိုဖတ်ပြီး ရှုပ်မသွားပါနဲ့ဦး။ အကြမ်းဖျင်းတီးမိခေါက်မိအောင် ရေးခဲ့တဲ့သဘောပါ။ နောက်မှတစ်ခုချင်းစီကို ပြန်ဆွေးနွေးပါ့မယ်။


TYPES OF WELDING
Welding နည်းပညာတွေ အမျိုးမျိုးရှိတဲ့အထဲက အဆောက်အဦး construction တွေ၊ သင်္ဘောတည်ဆောက်ရေးနဲ့ ပြုပြင်ရေးတွေမှာ တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ Welding အမျိုးအစား ၂ မျိုးကိုဖေါ်ပြလိုက်ပါတယ်။
၁) Gas Welding နဲ့
၂) Arc Welding ပါ။

1 comment:

  1. Great Job Man..... အရမ်းကောင်းတဲ့ ပိုစ့်လေးပါ။ နောက်ထပ်ပိုစ်တွေကို အားပေးဖို့စောင့်နေမယ်နော်... ညီငယ်တွေ အတွက်ရော၊ တို့တွေအတွက်ပါ အများကြီး အထောက်အကူ ဖြစ်စေတဲ့ ပိုစ့်ပါ။

    ReplyDelete