10/11/11

အခန်း (၂) Gas Welding

CHAPTER 2
Gas Welding (Oxy-fuel welding)

Gas welding လို့ပြောရင် Oxy-fuel welding ကို ညွှန်းတာလို့ သဘောပေါက်မိပါတယ်။ အင်တာနက်မှာလည်း gas welding ဆိုပြီးရှာရင် oxy-fuel welding ကိုပဲ redirect လုပ်သွားပါလိမ့်မယ်။ 

2.1 Defination
Gas အမျိုးအစား အနည်းဆုံးတစ်မျိုးကို ပေါက်ကွဲစေခြင်းဖြင့် အပူရှိန်မြင့်မီးတောက်ကို ထုတ်ပါတယ်။ ဆက်မဲ့သံပြားနှစ်ခုနဲ့ ဖြည့်ခံသတ္တု (filler metal) ကို ယင်းအပူချိန်ဖြင့်အရည်ပျော်စေပြီး တပေါင်းတစည်းတည်းဖြစ်စေတဲ့ Welding နည်းပညာပါ။ 
 

2.2 Apply GAS
အများအားဖြင့် Oxygen နဲ့  Acetylene ဓါတ်ငွေ့နှစ်မျိုးကို ရောစပ်အသုံးပြုပါတယ်။
“လေ(Oxygen 20%, Nitrogen 80%)”မဟုတ်သော  Pure Oxygen နှင့် Acetylene ဓါတ်ငွေ့နှစ်မျိုးဟာ သာမန်အခန်းအပူချိန်မှာ ဓါတ်ပြုပြီးပြိုကွဲရင် ၃၅၀၀°C အပူချိန်ရှိတဲ့မီးတောက်ကိုထုတ်လုပ်နိုင်ပါတယ်။ သံရဲ့အရည်ပျော်အမှတ်ဟာ ၁၄၂၅~၁၅၄၀°C ပါ။




2.3 Welding Equipments

ဒီ system မှာပါဝင်တဲ့ ပစ္စည်းတွေကတော့
၁) Gas Cylinders                 (ဓါတ်ငွေ့အိုး)
၂) Regulator                      (ဖိအားထိန်းကိရိယာ)
၃) Gas Hoses                     (ဓါတ်ငွေ့ ပိုက်လိုင်းများ)
၎) Non-Return Valve           (တဖက်သာစီးနိုင်သော Valve)
၅) Flash Arrestor                (မီးပွားဖမ်း ကိရိယာ)
၆) Torches                          (welding ဂေါက် (သို့) လက်ကိုင်)
















၁) Cylinders (ဓါတ်ငွေ့အိုး)
အက်ဆီတလင်း(သို့)အခြားလောင်စာနဲ့ အောင်ဆီဂျင်အတွက် ဓါတ်ငွေ့အိုးနှစ်အိုးလိုပါတယ်။ ဓါတ်ငွေ့အိုးတွေ မလဲသွားအောင် ထိန်းထားပေးရပါမယ်။ အများအားဖြင့်တော့ အလွယ်တကူသယ်လို့ရအောင် ဘီးတပ်ထားတဲ့လှည်းပေါ်တင်ပြီး သယ်ဆောင်တတ်ကြပါတယ်။
  

၂) Regulator (ဖိအားထိန်း ကိရိယာ) 

Regulator က ဓါတ်ငွေ့အိုးထဲက ဓါတ်ငွေ့ကို ပိုက်လိုင်းထဲသို့ တည်ငြိမ်တဲ့ဖိအား(constant pressure)နဲ့ ရောက်သွားအောင် ထိန်းချုပ်ပေးတဲ့ ကိရိယာပါ။ အများအားဖြင့်တော့ နှစ်ဆင့် (two step) Regulator တွေကိုသုံးကြပါတယ်။

- ပထမအဆင့် Regulator က၊ ဓါတ်ငွေ့အိုးထဲက ဓါတ်ငွေ့ကို ပိုက်လိုင်းထဲ (fixed pressure)နဲ့ ရောက်သွားအောင်လုပ်ဆောင်ပေးပါတယ်။ အသုံးပြုပါများလို့ ဓါတ်ငွေ့အိုးထဲမှာ ဓါတ်ငွေ့မကျန်တော့တာကို ထည့်မတွက်ပေးပါဘူး။

- ဒုတိယအဆင့် Regulator ကတော့ အသုံးပြုလို့ကျသွားတဲ့ ဓါတ်ငွေ့အိုးထဲကဖိအားနဲ့ ပိုက်လိုင်းထဲရောက်သွားတဲ့ဖိအား ခြားနားချက်ကို ထိန်းချုပ်ပေးတယ်။ ဖိအားတိုင်းကိရိယာ (pressure gauges)နှစ်ခုပါပြီး ဓါတ်ငွေ့အိုးကို တစ်ခုကတိုင်းပြီး၊ နောက်တစ်ခုက ပိုက်လိုင်းကိုတိုင်းပါတယ်။
Welding လက်ကိုင်မှာ ခလုတ်နှစ်ခုပါပြီး တကယ်သုံးမယ့် ဓါတ်ငွေ့ပမာဏကို အဲဒီခလုပ်တွေကို လှည့်ပြီးချိန်ရပါတယ်။ ဒါကြောင့် ပိုက်လိုင်းထဲမှာ အမြဲတမ်း constant pressure ရှိနေဖို့အရေးကြီးပါတယ်။


၃) Hoses
Hoses တွေကတော့ ဓါတ်ငွေ့အိုးထဲက ဓါတ်ငွေ့ကို လက်ကိုင်ဆီရောက်အောင်သွယ်တန်းထားတဲ့ ပိုက်တွေပါ။
သယ်ယူတဲ့ ဓါတ်ငွေ့ပေါ်မူတည်ပြီး ပိုက်တွေရဲ့အရောင်တွေကို ခွဲခြားထားပါတယ်။
US standard က, Oxygen က “အစိမ်းရောင်” ဖြစ်ပြီး, Acetylene က “အနီရောင်” ကြိုးပါ။
UK standard က, Oxygen က “အပြာရောင် (သို့) အမည်းရောင်” ဖြစ်ပြီး, Acetylene က “အနီရောင်” ကြိုးပါ။


၎) Non Return Valve

Valve ဆိုတဲ့ အဓိပ္ပာယ်ကို ဆွေးနွေးကြရအောင်။ ပိုက်လိုင်းအတွင်းက ရေ(သို့) ဓါတ်ငွေ့ စီးဆင်းမှုကို ထိန်းချုပ်(သို့) ရပ်တန့်စေတဲ့ ကိရိယာပါ။ ဥပမာကတော့ ရေဘုံဘိုင်ခေါင်းပါ။
Non-return ဆိုတာ ကတော့ရှင်းပါတယ်။ တဘက်ပဲသွားလို့ရတာပါ။ One-way direction ပေါ့။
အရည် (သို့) ဓါတ်ငွေ့တွေ နောက်ပြန်စီးရင် မူလစက်ပစ္စည်းတွေမှာ အန္တရယ်ရှိနိုင်တဲ့အခါမျိုးမှာ Non-return Valve တွေကို သုံးပါတယ်။
ဒါဆို non-return valve တွေကို ဒီ welding process မှာ ဘယ်လိုအသုံးပြုလဲလေ့လာကြည်ရအောင်။ ဓါတ်ငွေ့အိုးရဲ့ ဓါတ်ငွေ့အထွက်လမ်းကြောင်းမှာတပ်ဆင်ထားပြီး ပိုက်လိုင်းထဲက Acetylene ဓါတ်ငွေ့ (သို့) တခြားပေါက်ကွဲစေတဲ့ wave တွေ ဓါတ်ငွေ့အိုးတွေထဲ ပြန်မဝင်သွားအောင် ဒီ valve တွေက လုပ်ဆောင်ပေးပါတယ်။ အထွက်ပဲရမယ် ပြန်အဝင်မရဘူးဆိုတဲ့ သဘောပေါ့။ ဘာလို့လုပ်ရတာလဲ။ လိုအပ်လို့လား။
လိုအပ်ပါတယ်။ Acetylene ဓါတ်ငွေ့ဟာ မီးတောက်လွယ်ရုံတင်မကဘူး၊ ပေါက်ကွဲလွယ်တဲ့ဓါတ်ငွေ့ပါ။ အကြောင်းကြောင်းကြောင့်  အနည်းငယ်ပြင်းထန်တဲ့လှိုင်းတစ်ခုဖြတ်သွားတာနဲ့ ပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့လက်ရှိသုံးနေတဲ့ hand phone တွေရဲ့ လှိုင်းတွေတောင်ပါ ပါတယ်။ ဒါကြောင့် တချို့ Off-shore (ကမ်းလွန်ရေနံစင်) တွေမှာ hand phone ပေးမသုံးပါဘူး။


၅) Flash Arrestor
ဒါဆို valve က မီးစ (သို့) ပြင်ပလှိုင်းတစ်ခု မဝင်ခင်ပိတ်ဖို့ မှီပါ့မလား။ အဲဒီ့အတွက် Flash Arrestor ကိုအသုံးပြုဖို့လိုပါမယ်။ သူက မီးပွားဝင်လာရင် အလိုလျေက်ငြိမ်းသတ်ပေးပါတယ်။
Flash Arrestor ကို ပုံမှန်အားဖြင့် ပိုက်နဲ့ welding လက်ကိုင် ဆက်တဲ့နေရာမှာ တပ်ဆင်တတ်ပါတယ်။ Acetylen လိုင်းရော၊ Oxygen လိုင်းရော နှစ်လိုင်းစလုံးမှာပါ။
US မှာတော့, flash arrestor ကို ပိုက်နဲ့လက်ကိုင်ဆက်တဲ့နေရာမှာရော Regulator မှာပါ နှစ်နေရာလုံးမှာ တပ်ပါတယ်။ ပိုလုံခြုံတာပေါ့။






၆) Torches 

ဗမာလိုတော့ welding ဂေါက်ပေါ့။ လက်ကိုင်ကိုခေါ်တာပါ။
ထူးခြားတာက ဒီOxy-fuelနည်းက weldingရော၊ cuttingရော နှစ်မျိုးသုံးကြပါတယ်။ ဒီတော့ လက်ကိုင်ကလည်း welding လက်ကိုင်နဲ့ cutting လက်ကိုင်ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။










2.4 Oxy-fuel Welding & Cutting

Welding         : Oxy-Acetylene မီးတောက်ကိုသုံးပြီး ဆက်မဲ့သံပြားနှစ်ချပ်ကို အရည်ပျော်ပြီး သံရည်ပူစီးကြောင်းဖြစ်တဲ့အထိ အပူပေးရပါတယ်။ ပြီးတော့ Electrode (filler metal)ကို weld poolထဲ ထည့်ရပါတယ်။ Filler metal က weld pool ထဲမှာ အရည်ပျော်၊ အေးခဲသွားရင် မူရင်းသံပြားထက် စွမ်းအင်ထက်မြက်တဲ့ welding ဆက်ကြောင်းရပါတယ်။
တကယ်လို့ Electrodeကို weld poolထဲ မထည့်နိုင်ရင်တောင် ပြင်ပလေနဲ့တိုက်ရိုက် ဓါတ်မပြုနိုင်အောင် ဘေးကအပူဇုံထဲ ထဲ့ထားရပါမယ်။ ဒါပေမယ့် မီးတောက်က Electrodeကို တိုက်ရိုက်လောင်ကြွမ်းစေခြင်းကိုတာ့ ရှောင်ကြဉ်ရမှာပါ။
အပူချိန်ပမာဏကတော့ ဆက်မယ့်သံပြားနှစ်ချပ်ရဲ့အထူ၊ နေရာအနေအထားနဲ့ welding speed ပေါ် မူတည်ပြီး သတ်မှတ်ပေးရပါတယ်။

Cutting          :Cutting torchရဲ့ ခေါင်း(nozzle head)မှာတော့ inner jet နဲ့ outer jet ဆိုပြီး အတွင်းနဲ့အပြင်အလွှာ နှစ်ခုပါ ပါတယ်။ အပြင်လွှာက Acetyleneနဲ့ Oxygen ရောထားတဲ့ ဓါတ်ငွေ့က pre-heat (ကြိုတင်အပူပေး)တဲ့ မီးတောက်ကို ထုတ်ပေးပါတယ်။ အတွင်းလွှာကတော့ Oxygen ဖြတ်တောက်ဖို့အတွက် မီးတောက်ကို ထုတ်ပေးပါတယ်။
Pre-heat frameနဲ့ ဖြတ်ချင်တဲ့ သံပြားရဲ့မျက်နှာပြင်ကို အပူပေးပါတယ်။ အရည်ပျော်သွားအောင် အပူပေးတာမျိုးမဟုတ်ပဲ ဖြတ်လို့လွယ်ကူလောက်တဲ့ အပူချိန်အထိပဲချိန်ပေးတာပါ။ အများအားဖြင့် သံပြားအရောင်က ချယ်ရီရောင်အနီခပ်ရဲရဲ ရတဲ့အထိလောက်ပါ။
အဲလောက်အပူချိန်ရပြီဆိုရင် အတွင်းအလွှာက Oxygen flameကို ဖွင့်လို့ရပါပြီ။
ဓါတ်ပြုဖို့ အဆင်သင့်ဖြစ်နေတဲ့ သံ(Iron)ဟာ Oxygenနဲ့တွေ့ထိပြီး Iron Oxideကိုထုတ်ပေးကာ cutting process ကို ပိုမိုလျှင်မြန်စေပါတယ်။

2.5 Composition of Oxygen and Acetylene gases
Oxygen နဲ့ Acetylene တို့ရဲ့ ဓါတ်ငွေ့ရောစပ်မှုအချိုးကို ပြောင်းပေးရင် မီးတောက်ရဲ့အသုံးဝင်မှုပုံစံပါလိုက်ပြောင်းလာပါတယ်။
Oxygen ပါဝင်မှုပမာဏဟာ Acetylene ပမာဏအောက် နည်းနေရင်, “carburizing frame”  (Copper အစရှိတဲ့ ကာဗွန်ပါဝင်မှုနည်းတဲ့ သတ္တုတွေမှာ သုံးပါတယ်။)
Oxygen ပါဝင်မှုပမာဏဟာ Acetylene ပမာဏထက် အနည်းငယ်များနေရင်, “neutral frame” (သံနဲအခြားသတ္တုတော်တော်များများမှာ အသုံးပြုပါတယ်။)

2.6 Flash Back
Hose လို့ခေါ်တဲ့ ပိုက်လိုင်းတွေထဲမှာ ဓါတ်ငွေ့ဖိအားတွေဟာ ပုံသေဖိအား(constant pressure) ရှိနေပါတယ်။
Welding/Cutting တွင် သတ်မှတ်ထားသော pressureအတိုင်းအသုံးမပြုပဲ လျှော့သုံးသောအခါ ပိုနေသော pressure ပမာဏနှင့် မီးတောက်သည် ပိုက်လိုင်းအတွင်းသို့ပြန်လည်ဝင်ရောက်ခြင်းကို Back Pressure ဟုခေါ်ပါသည်။
Back Pressure ကြောင့်ပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်စေနိုင်လို့ သတိထားရပါမယ်။

2.7 Other Fuel Gases
Oxy-Fuel ခေါ်တဲ့အတိုင်း Acetylene ဓါတ်ငွေ့အပြင် အခြားသော လောင်စာဓါတ်ငွေ့များကိုလည်း အသုံးပြုနိုင်ပါတယ်။
၁) Propylene,
၂) Liquified petroleum gas (LPG),
၃) Propane,
၎) Natural gas (LNG),
၅) Hydrogen, and
၆) MAPP gas  


2.8 Advantages and Disadvantages
အားသာချက်ကတော့
၁) ဆလင်ဒါနှစ်လုံးရယ်၊ ပိုက်နှစ်လိုင်းရယ်၊ လက်ကိုင်ရယ်ပဲဆိုတော့ ရွှေ့ပြောင်းရလွယ်ကူတယ်။
၂) ကုန်ကျစားရိတ်သက်သာတယ်။
အာနည်းချက်တွေကတော့
၁) မူလသံပြားတွေကို အရည်ပျော်အောင်လုပ်ပြီးမှ welding ဖြစ်လာတဲ့အတွက် Cutting မှာမြန်သလောက် welding မှာ အချိန်အရမ်းကြာတယ်။
၂) ပါးလွှာတဲ့သံပြားတွေကိုသာ အသုံးပြုလို့အဆင်ပြေတယ်။
၃) မီးတောက်နဲ့ အရည်ပျော်အောင်လုပ်ရလို့ အရည်ပျော်မှတ်မြင့်တဲ့ သတ္တုတွေအတွက် ဒီနည်းဟာ အသုံးမတွင်ပါဘူး။
၎) အန္တရယ်များတဲ့အတွက် ကျွမ်းကျင်လုပ်သားတွေ ပိုလိုအပ်ပါတယ်။

2.9 Apply locations
ဒီနည်းကို သင်္ဘောတွေမှာတော့
၁) Pipes and tubes (ပိုက်များ),
၂) Ventilation and Air-con trunks (အဲယားကွန်းနှင့် သဘာဝလေဝင်ပေါက် လိုင်းများ),
၃) Cable trays (ဝါယာကြိုးစင်များ) ,
၎) Light steel furniture (အသေးစား ပရိဘောဂများ) နှင့်
၅) Repair works (ပြင်ဆင်ရေးလုပ်ငန်းများ)
တွေမှာ Welding အနေနဲ့သုံးပါတယ်။ Cutting ကိုတော့ တွင်တွင်ကျယ်ကျယ်ကို သုံးနေပါသေးတယ်။



GAS welding Process တစ်ခု လုပ်ဆောင်နေပုံ
               



အခန်း (၁) History of Welding


Technology ကို လေ့လာမဲ့၊ လေ့လာနေဆဲ ညီငယ်၊ ညီမငယ်များအတွက် တထောင့်တနေရာက အကျိုးပြုစေဖို့ ရည်ရွယ်ရေးသားလိုက်ပါတယ်။ လက်တွေ့လုပ်ငန်းခွင်ဝင်မယ့်သူဟာ welding နဲ့ပတ်သတ်တဲ့ဗဟုသုတတွေကို အကြမ်းဖျင်းသိထားဖို့လိုပါတယ်။ ကျွန်တော်ကိုယ်တိုင်က လေ့လာနေဆဲဖြစ်တဲ့အတွက် အမှားများပါခဲ့ရင် စေတနာအမှားသာဖြစ်ပါကြောင်းနဲ့ ပွင့်လင်းစွာဝေဖန်အကြံပေးကြပါလို့ ဖိတ်ခေါ်ပါတယ်။


CHAPTER 1
1.1 ABOUT  WELDING
Welding ဆိုတာဟာ သတ္တုတွေကိုဖြတ်(သို့)ဆက်စပ်တဲ့ နည်းပညာတစ်ရပ်ပါ။ Welding နည်းပညာအပြင် တခြားသော သတ္တုများကို ဆက်စပ်တဲ့နည်းပညာတွေကို ကျွန်တော်သိသလောက် ဖေါ်ပြလိုက်ပါတယ်။
Rivet                  (ရပ်ဘစ် ရိုက်ခြင်း/သံမှိုဆွဲခြင်း)
Screwing            (ဝက်အူရစ်ခြင်း)
Bolts and Nuts    (ဘို့ နဲ့ နပ် စုပ်ခြင်း)
Casting              (ကြိုတင်ပုံစံသွင်းထားခြင်း/mold လောင်းထားခြင်း)
ဟုတ်ပြီ။ ဒါဆိုရင်တခြားနည်းတွေထက် ဘာလို့ welding နည်းပညာကို တွင်တွင်ကျယ်ကျယ်သုံးနေတာလဲဆိုတာကို လေ့လာကြည့်ရအောင်။ welding နည်းပညာရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို ကြည့်ကြတာပေါ့။


1.1.1 အားသာချက်များ (Advantages)
၁) ကောင်းမွန်သော welding joint တစ်ခုသည် အနည်းဆုံး မူရင်းသတ္တုထက် မာကျောခြင်း
၂) ပုံမှန်အားဖြင့် welding နည်းပညာသည် အခြားနည်းပညာများထက် ကုန်ကျစားရိတ် သက်သာခြင်း
၃) အများအားဖြင့် ရွေ့ပြောင်းရလွယ်ကူသော စက်ကိရိယာများကို အသုံးပြုရခြင်း
၎) အမျိုးအစားမတူသော သတ္တုတော်တော်များများကို welding နည်းဖြင့် ဆက်နိုင်ခြင်း
၅) ဖိအားဒဏ်ခံနိုင်သော (pressure tight) welding joint ဖြစ်စေနိုင်ခြင်း

1.1.2 အားနည်းချက်များ (Disadvantages)
၁) အန္တရယ်များသော လှိုင်း၊ မီးတောက်တို့ ထုတ်လွှတ်ခြင်း
၂) မူရင်းသတ္တုပြား၏ ပုံသဏ္ဍန်ပျက်ရွင်းသွားခြင်း
၃) ဆက်မည့်သတ္တုပြားများ၏ အထူ(နှုတ်ခမ်းသားများ)အား ကြိုတင်ပြုပြင်ထားရခြင်း
၎) အရည်သွေးမြင့် လုပ်သားများ လိုအပ်ခြင်း
၅) welding joint များသည် မူရင်းသတ္တုများနှင့် ဖွဲ့စည်းပုံ မတူညီတော့ခြင်း
၆) welding ဆက်ခြင်းကြောင့် မူရင်းသတ္တုပြား နှင့် welding joint ပေါ်တွင် stress များပေါ်လာခြင်းနှင့်, ယင်းအားပြေပျောက်စေရန် heat treatment များလိုအပ်ခြင်း၊

ဒါဆိုရင် welding နည်းပညာက ဘယ်ကစပြီးပေါ်လာတာလဲ။


1.2 HISTORY
- Welding အတတ်ပညာကို ကြေးခေတ်ကတည်းက အီဂျစ်ပြည်မှာစတင်အသုံးပြုနေပြီလို့သိရပါတယ်။ အီဂျစ်တွေရဲ့ အသုံးအဆောင်ပစ္စည်းတွေမှာ weldingကိုအသုံးပြုခဲ့ကြောင်းအထောက်အထားတွေ တွေ့ရတယ်လို့ မှတ်သားကြဖူးပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ် welding နည်းပညာတွေလိုတော့ အဆင့်မမြင့်သေးသလို အသုံးလဲမတွင်ကျယ်ခဲ့ပါဘူး။

- ၁၈၀၀ ပြည့်နှစ်မှာ အင်္ဂလိပ်လူမျိုးစာပေ သိပ္ပံ  ပညာရှင် Sir Humphrey Davy (ရူပဗေဒ သိပ္ပံ ပညာရှင် Michael Farady ၏ဆရာ) က Carbon Electrodes Arc ကို ဘက်ထရီနဲ့လည်ပတ်နိုင်တဲ့ကိရိယာလေးက ထုတ်နိုင်အောင်တည်ထွင်နိုင်ခဲ့တယ်။ Arc welding (လျှပ်စစ်ဓါတ်ခုန်ကူးခြင်းဖြင့် welding ဆော်ခြင်း) တွေရဲ့ကနဦးအစဖြစ်ပေမယ့် ထိထိရောက်ရောက်အသုံးမပြုနိုင်သေးပါဘူး။

- ၁၈၃၆ မှာတော့ သူ့ရဲ့ညီဝမ်းကွဲ Edmund Davy က Acetylene (အောက်ဆီဂျင်နှင့်ဓါတ်ပြုပြီး အပူချိန် ၃၅၀၀°C ပြင်းအားရှိသော မီးတောက်ကိုထုတ်လွှတ်ပေးနိုင်သည်) ကိုတွေ့ရှိခဲ့တယ်။ Acetylene gas (ethyne)နဲ့ welding ဆော်တဲ့နည်းကို Oxy-fuel welding လို့ခေါ်ပြီး လက်တွေ့မှာအသုံးပြုလို့အဆင်မပြေပဲ ၁၉၀၀ ပြည့်နှစ်လောက်မှသာ ဒီနည်းပညာဟာ လက်တွေ့အသုံးချနိုင်တဲ့အဆင့်ကိုရောက်လို့လာပါတယ်။ အစပိုင်းမှာတော့ Oxy-fuel welding ဟာ ရွှေ့ပြောင်းရလွယ်ကူခြင်း (portability)၊ ကုန်ကျစရိတ်သက်သာခြင်း (low cost) တို့ကြောင့်အသုံးများခဲ့ပေမယ့် နောက်ပိုင်းမှာ Arc welding တွေက အစားထိုးဝင်ရောက်လာပါတယ်။

- ၁၈၈၂ နှစ်မှာ ရုရှားပညာရှင် Nikolai Benardos က လျှပ်စစ်ဓါတ်ခုန်ကူးခြင်း(Electric Arc)ဖြင့် welding ဆော်ခြင်း၊ Carbon Arc Welding ကိုဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ တဖြည်းဖြည်းလူအသုံးများလာပြီး တည်ဆောက်ရေးလုပ်ငန်းကြီးတွေအထိပါ အသုံးပြုလာကြပါတယ်။ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းတွေမှာပါ တွင်ကျယ်လာပြီး ပထမဆုံး Arc Weldingကို တစ်စီးလုံးအတိုင်းအတာအထိ အသုံးပြုနိုင်ခဲ့တဲ့သင်္ဘောကတော့ ဗြိတိန်သင်္ဘော Fulagar ဖြစ်ပြီး ပထမကမ္ဘာစစ်အတွင်း(၁၉၂၀)ကတည်ဆောက်ခဲ့တာပါ။

- ၁၉၁၉ မှာတော့ welding သမိုင်းမှာယခုတိုင် အရေးပါအရာရောက်တဲ့ American Welding Society (AWS) ကိုထူထောင်ခဲ့ပါတယ်။ Alternative Current (AC) သုံး Arc welding process ကိုလည်း ဒီနှစ်မှာပဲစတင်နိုင်ခဲ့ပါတယ်။

- ၁၉၂၀ မှာ Automatic Welding ကိုစတင်အသုံးပြုနိုင်ခဲ့ပါတယ်။ Weldingဆော်ရာမှာ အသုံးပြုမဲ့ electrode ချောင်းကို ခဏ ခဏ အသစ်လဲတပ်စရာမလိုအောင် electrode stick နေရာမှာ consumable electrode wire ကို ရစ်ဘီးနဲ့ခွေထားပြီး wire ကုန်သွားသလောက်ကို အနောက်က ရစ်ဘီးကအလိုက်သင့်ဆန့်ထုတ်ပေးတဲ့နည်းပါ။ Welder လိုအပ်ပါတယ်။ သူ့ရဲ့အားနည်းချက်ကတော့ welding အရည်အသွေးဟာ welder ပေါ်မှာလုံးဝ မူတည်နေပြီးတော့ welding seam ထဲမှာ လေပေါက်တွေ (porosity) နဲ့ ကြွတ်ဆတ်ခြင်း (Brittleness) ဖြစ်နိုင်ခြင်းတို့ပါပဲ။

- ၁၉၃၀မှာ Submerged Arc Welding (SAW)ကို စတင်သုံးစွဲနိုင်ခဲ့ပါတယ်။ ဒီနည်းကတော့ ဘီးတတ်ထားတဲ့စက်(welding machine)က လူသတ်မှတ်ပေးလိုက်တဲ့ setting အတိုင်း သံလမ်းတလျှောက် weldingဆော်သွားပြီး၊ လောလောလတ်လတ်ဆော်ထားတဲ့ welding seamကို ပြင်ပလေနဲ့မထိအောင် သဲ(သို့)ချော်တို့နဲ့ အလိုအလျှောက် လိုက်အုပ်ပေးသွားတဲ့နည်းပါ။ ကလေးတွေဆော့တဲ့ သံပတ်ရထားလေး ပြေးလမ်းပေါ်သွားသလိုမျိုးပါပဲ။ Welder မလိုပါဘူး။ ပုံမှန်အားဖြင့် weldingသား အရမ်းကောင်းပေမယ့် ကုန်ကျစရိတ်မြင့်မားတာရယ်၊ နေရာတိုင်းအသုံးပြုလို့မရတာရယ်ကြောင့် ကျယ်ကျယ်ပြန့်ပြန့်သုံးလို့မရပြန်ပါဘူး။ တနှစ်ထဲမှာပဲ New York Navy Yard က Stud welding ကိုစတင်သုံးစွဲခဲ့ပြီး သင်္ဘောတည်ဆောက်ရေးလုပ်ငန်းတွေမှာ တွင်တွင်ကျယ်ကျယ်သုံးလာကြပါတယ်။

- ၁၉၃၂ခုနှစ်မှာ Underwater Weldingကို ရုရှားပညာရှင် KONSTANTIN  KHRENOV က ဖေါ်ထုတ်ခဲ့ပါတယ်။

- ၁၉၄၈မှာ Battelle Memorial Institute က Gas Metal Arc Welding (GMAW) နည်းပညာကို တင်ပြခဲ့ပါတယ်။ သူ့ရဲ့အားသာချက်က welding ဆော်နေစဉ်မှာ weldingသားကို ပြင်ပလေနဲ့ ဓါတ်မပြုနိုင်အောင် gas တစ်ခုနဲ့ ကာထားတာပါပဲ။ အဲဒီ့Gasကို Shield Gas လို့ခေါ်ပါတယ်။ သူ့ရဲ့အားနည်းချက်ကတော့ Shield Gas တွေရဲ့ ဈေးနှုန်းမြင့်မားတာပါ။

- ၁၉၅၀မှာတော့  Lyubavskii နဲ့ Novoshilov ဆိုသူတွေက CO2 (carbon dioxide gas)ကို shield gas အဖြစ် စတင်အသုံးပြုခဲ့ရာကစပြီး CO2 welding ဆိုပြီးလူသိများပါတယ်။ ဒီနှစ်ထဲမှာပဲ  ချော်ကို electrode အပေါ်မှာ Flux-coated electrode သုံး Shield Metal Arc Welding (SMAW)ကို အဆင့်မြင့်အောင်တီထွင်နိုင်ခဲ့ပါတယ်။ လက်ရှိလူသုံးအများဆုံးနည်းပါ။

- ၁၉၅၇မှာ Plasma Weldingကို တွေ့ရှိခဲ့ကြပါတယ်။

- ၁၉၅၈မှာ Electrode Beam Weldingကို စတင်ခဲ့ပါတယ်။

- ၁၉၆၀မှာတော့ Laser Weldingအထိ တက်လှမ်းနိုင်ခဲ့ကြပါတယ်။

- ၁၉၉၁မှာ Friction Stiir Weldingကို စတင်တွေ့ရှိခဲ့ပါတယ်။

အပေါ်မှာရေးခဲ့တာတွေကိုဖတ်ပြီး ရှုပ်မသွားပါနဲ့ဦး။ အကြမ်းဖျင်းတီးမိခေါက်မိအောင် ရေးခဲ့တဲ့သဘောပါ။ နောက်မှတစ်ခုချင်းစီကို ပြန်ဆွေးနွေးပါ့မယ်။


TYPES OF WELDING
Welding နည်းပညာတွေ အမျိုးမျိုးရှိတဲ့အထဲက အဆောက်အဦး construction တွေ၊ သင်္ဘောတည်ဆောက်ရေးနဲ့ ပြုပြင်ရေးတွေမှာ တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ Welding အမျိုးအစား ၂ မျိုးကိုဖေါ်ပြလိုက်ပါတယ်။
၁) Gas Welding နဲ့
၂) Arc Welding ပါ။

မှာပါရစေ၊ ပြောပါရစေ


ကိုယ်သေရင် မငိုနဲ့၊ပါးစိုရုံရှိမှာပေါ့။
သပိတ်မသွတ်နဲ့လွတ်ပြီးသား၊ ကျွတ်ပြီးသား။
ထမင်းမထုတ်နဲ့၊သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။
အိုးမခွဲနဲ့၊ အိုးမလိုဘာကိုမှ ကိုယ်မစွဲဘူး။
အပွင့်အခက်ယူမသွားနဲ့၊ပြန်လိုက်ရမယ့်အစားမဟုတ်ဘူး။
ရက်လည်၊ လလည်၊ နှစ်လည်
ဘာကိုမှ မလည်နဲ့၊သံသရာကြီးမှာလည်ခဲ့သူ။
 
ကိုယ်သေရင် မငိုနဲ့ကြိုကြိုပြီးသေထားသူ။
“ဘုရားရှင်ရဲ့ဂုဏ်တော်”ကိုမြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့ မရဏမင်းဆီပျော်ပျော်သွားမှာ။
ပြီးတော့ ပြောပါရစေ -
သာသနာ၊ စာပေ၊ ပရဟိတ
လုပ်လက်စတွေကိုဆက်လုပ်ဖို့၊
ဟောဒီချစ်ရတဲ့ မိခင်မြေကို
ပြန်လာခဲ့မယ်မုချ။

ဒီတော့ ကိုယ်သေရင် မငိုနဲ့၊ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ
လူသာဆုံးတာကျန်တာမရှုံးဘူး။
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။ ။


မိုးဟိန်း (သားဂျာနယ်ကျော်)

သားဂျာနယ်ကျော်သည် ဂျာနယ်ကျော် ဦးချစ်မောင်နှင့်ဂျာနယ်ကျော်မမလေးတို့၏ သားအငယ်ဆုံးဖြစ်သည်။ လည်ချောင်းကင်ဆာဝေဒနာခံစားခဲ့ရပြီး မကွယ်လွန်မီတွင် ကင်ဆာရောဂါနှင့် ပတ်သက်သော စာအုပ်များပါရေးသားခဲ့သည်။